Blog

က်မှ ပြင်တာထက် အများကြီးသက်သာပါတယ်။ ကားကို စနစ်တျက ကိုင်တွယ်ထိန်းသိမ်းတတ်ဖို့ သိသင့်တာလေးတွေပါ ။(တစ်ပုံချင်းစီ ထောက်ကြည့်လို့လည်း ရပါတယ် ) – ကား ကို တစ်လတခါ အတွင်း ကော အပြင်ပါ သန့်ရှင်းပေးပါ။ ကားရေဆေးဆီလိုက်မှာဆေးတာထက် ကားကို ကိုယ်တိုင်ကိုယ်ကျ ဆေးတာကို ပိုအားပေးပါတယ် ။အတွင်းပိုင်းသန့်ရှင်းရာမှာ ကားခြေခင်း ခင်းထားခြင်းက ကားအတွင်ပိုင်း သန့်ရှင်းရတာပိုလွယ်ကူစေပါတယ်။ -ကီလို ၈၀၀၀ ကနေ ၁၀၀၀၀ မောင်းပြီးတိုင် အင်ဂျင်ဝိုင် လဲပေးပါ ။ အဲ့အချိန်မှာ ကားအတွင်း အင်ဂျင်ဝိုင် ကုန်သွားတာ ဖုန်တွေ အနည်ထိုင်သွားပြီး အင်ဂျင်ဝိုင် မကောင်းတော့တာ ဖြစ်တတ်ပါတယ် ။ အင်ဂျင် အပူလွန်ပြီး ထိသွားရင် အချိန်ကော ငွေကော ပိုကုန်ပါတယ် ။ -တာယာလေပေါင်ကို ကို တစ်လတစ်ခါ ချိန်ပြီး ပုံမှန်ဖြစ်အောင်ထားပါ။ လေပေါင်မမှန်ရင် ဘရိတ်နင်းရအဆင်မပြေတာ ၊ အကွေ့တွေ လေးတာ ၊ ဆီပိုစားတာတွေ ဖြစ်ပါတယ် ။ လေပေါင်အမှန်ကို ကားတံခါးဘောင်မှာ ပြထားတတ်ပါတယ် ။ -ကီလို ၄၀၀၀၀ ပြည့်ပြီးတိုင် ဘရိတ်တွေကို စစ်ဆေးပေးပါ။ ဘရိတ်မကောင်းရင် ဘာဖြစ်မလဲဆိုတာ ရှင်းပြစရာတော့ လိုမယ်မထင်ပါဘူး။ -ကီလို ၄၀၀၀၀ ပြည့်တိုင်း coolant နည်းသွားတတ်ပါတယ်။စစ်ဖို့မမေ့ပါနဲ့ ။ -ကား Air Filter ကို ကီလို ၅၀၀၀၀ ပြည့်တိုင် စစ်ပေးပါ။ ကားဆိုတာ ဆီလောင်ကျွမ်းတဲ့ စွမ်းအားနဲ့သွားတာပါ။ လောင်ကျွမ်းဖို့ လေသန့်ရှင်းတဲ့လေ လိုအပ်ပါတယ်။ -ကား spark plug အကြောင်းကတော့ အမြဲလဲနေရတော့ ပြောစရာတောင် မလိုတော့ပါဘူး ။ :P -နောက်ကြည့်မှန် ဘေးမှန် တွေကိုလည်း အမြဲသန့်ရှင်းပေးပါ ဘေးမှန်တွေ အက်တွေကွဲနေ ခိုးခံနေရတာတွေကို ကို ချက်ချင်းပြုပြင်ပါ။ ကျွန်တော်ကတော့ ဘေးမှန်မပါတာဖြစ်ဖြစ် ခေါက်ပြီးမောင်းနေတာဖြစ်ဖြစ်တွေ့ရင်တော့ ဝေးဝေးကရှောင်ပြီး မောင်းပါတယ် ။ -ကားအတွင်းပိုင်းကို ထိန်းသိမ်းရင် ကားကို ပြန်ရောင်းတဲ့ ဈေးကောင်းပိုရပါတယ်။ ကားအတွင်းပိုင်းကလည်း ပြောင်လက်သန့်ရှင်းနေမယ် dashboard ကလည်း မအက်သေးဘူးဆိုရင်တော့ ပြန်ရောင်းတဲ့ အခါ သူများတွေထက် ခေါင်းတစ်လုံး သာနေမှာပါ ။ -အကယ်လို့ ခရီးထွက်တာပဲ ဖြစ်ဖြစ် မမောင်းဖြစ်တော့တာပဲ ဖြစ်ဖြစ် ကားကို အကြာကြီးသိပ်ထားမယ်ဆိုရင် ဘက်ထရီ မဒေါင်းအောင် ၁ပတ်တခေါက်လောက် ကားစက်နိုးပေးခြင်း၊ Battery Tender(ထောက်ကြိုး) အသုံးပြုခြင်း ပြုလုပ်နိုင်ပါတယ် ။ ကားကို အကောင်ပလောင်တွေမဝင်အောင် ကားခြုံစောင်လေးနဲ့ အုပ်ပေးခဲ့ပါ။ -ငှက်ချေးတွေကလည်း အက်စစ်ဓာတ်ပါဝင်တဲ့ အတွက် ကားဆေးသားကို ထိခိုက်စေပါတယ်။ ငှက်ချေးကို မခြောက်သေးခင် သန့်ရှင်းတာပိုကောင်းပါတယ် -ကားကို နေရောင်ကနေကာကွယ်ပါ။ နေရောင်နဲ့ အပူက ကား ဒက်ဘုတ်တွေကို ကွဲစေအက်စေတယ် ။ UV light တွေက ကားရောင်ကို မှိန်စေတယ်။ အဆိုးဆုံးကတော့ ကားပေါ်တက်ထိုင်လိုက်ရင် ဖင်ပူတာပဲ ။ :P နေရိပ်ထဲရပ်တာ မျိုး ၊ Sun shade နဲ့ ကာခဲ့တာမျိုး ၊ ကား ဘေးမှန် ကို စတေကာကပ်ထားတာမျိုး လုပ်ပါ။ -ကားကို ထိခိုက်ဒဏ်ရာနည်းအောင် Door Guard , Blind Spot Mirror လေးတွေတပ်ထားပါ ။ အက်ဆီဒင့်ကတော့ ကားမောင်းရင် ရှောင်လွဲလို့မရဘူးပေါ့ ။ ဖြစ်တဲ့ အခါ ကိုယ့်ကားကို အထိနည်းအောင်လုပ်ထားသင့်ပါတယ်။ -ကားရဲ့ အရေးကြီးတဲ့ ဖိုင်တွေ ၊ စာရွတ်စာတမ်းတွေကို Copy ကူးထားပါ။ Copy ကို ကားထဲမှာ ထားပြီး Original တွေကို အိမ်မှာပဲ သိမ်းထားပါ ။ -ကားပြင်ဆင်စရိတ်ကုန်ကျတာတွေ အတွက် ငွေရှင်းဖြတ်ပိုင်းတွေကို လွှင့်မပစ်ပါနဲ့ ။ (သိမ်းထားပြီး မိန်းမဆီကပြန်တောင်းဖို့တော့မဟုတ်ပါဘူး) နောက်တခါ ပြန်ပြင်ဆင်ရရင် အရင်တစ်ခေါက်က ပစ္စည်းအမျိုးအစားပဲပြန်သုံးတာလား ဘယ်လောက်ကုန်ကျတုန်း တိုက်ကြည့်ဖို့ပါ။ -ဘေးကင်းအောင် မောင်းကြဖို့ ၊ ခါးပတ်ပတ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ် ။

https://www.facebook.com/toyoshine36/posts/1904934909721408